တွံတေး၌ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက် (၁၀၀) လုပ်ငန်းစီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းဖွင့်လှစ်

တွံတေး ဧပြီ ၃၀

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) လုပ်ငန်းစီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းကို ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီမိနစ် ၃၀ အချိန်က တွံတေးမြို့နယ်၊ ရန်ကုန်ပါဒကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက စီမံကိန်းရရှိမှုအတွက် အားပေးစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ယဥ်ယဥ်ဋ္ဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ ပြောကြားခဲ့သည်။

 ယင်းနောက် သင်တန်းတက်ရောက်လာသော ကျေးရွာများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက နိဂုံးချုပ်အမှားစကား ပြောကြားကာ တက်ရောက်လာကြသူများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို (VDP)ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၀) ဦး တက်ရောက်ပြီး သင်တန်းကို ဧပြီ ၂၇ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်