ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေးသရုပ်ပြ
မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ၃၀မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဆရာစံလမ်းရွာသာကြီးစက်မှုဇုန်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၃၀၀) ဦးအား အသိပညာပေး ဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်းသိရသည်။