ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၇ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

ကျိုင်းတုံ ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်‌သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ်(၅၁/၂၀၂၆)ကျင့် ၄၀၁(၁)အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇  ဦးကို  ဧပြီ ၃၀ ရက်က  လွှတ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်မျိုးခိုင်က လွတ်ငြိမ်းသက်သာခွင့်အမိန့်အား ဖတ်ကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူ ၇ ဦးအား ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ အကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၆ ဦး၊ အကျဉ်းသူ ၁ ဦး စုစုပေါင်း ၇ ဦး လွှတ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါလွတ်မြောက်လာသူများအား ၎င်းတို့မိသားစုဝင်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများက ပျော်ရွှင်စွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)