ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနား ကျင်းပ

ငပုတော ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက လိပ်ချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၈၃) ရှမ်းတောင်ဦးပိုင်အမှတ်(၁၁/၅) ဝောာင်သူ ဦးကိုဝင်း လယ်မြေ (၂.၆၅)ဧကနှင့် ဦးပိုင်အမှတ် (၅/၂) ဒေါ်အုန်းရီ (၂.၅၀)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာထက်သန်စေပြီး သွင်းအားစုဓာတ်မြေသြဇာ လျော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)