အမြို့မြို့အနယ်နယ်သတင်းများ

ဖောင်းပြင်မြို့၌ မီးလောင်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌  မီးလောင်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ စခန်းမှူး ဦးစောမျိုးထိုက်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်က မြို့မစည်ပင်သာယာဈေးတွင် မီးဘေးကြိုတင်ကကာကွယ်ရေး စစ်ဆေးမှုများ ပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန် ဆုချီမြှင့်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြိုနယ် ကွမ်ဘီကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း အလျား ပေ ၂၇၀၊ အနံ ပေ ၃၀ရှိ  တန်ဖိုးကျပ်သိန်းပေါင်း(၁၆၇၄၀)ရှိ ချစ်ထူးမြိုင် RCC ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

ဖောင်းပြင်မြို့တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌  (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည်။

သံတောင်ကြီးမြို့၌ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့ ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်  မဲရုံမှူး၊   ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ  သင်တန်းဖွင့်လှစ်ခြင်းကို  အောက်တိုဘာ ၂၇ ရက်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်သည်။

ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများပြုလုပ်

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ် ခဲ့ကြောင်းသိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး ပုံမှန်ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရန် ယနေ့နံနက် (၈)တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအား ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရေနံချောင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)၌ ကျင်းပသည်။

ခေတ္တမွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် သွေးလှူဒါန်းနေမှုကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ခေတ္တ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများအားမော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ဗုဒ္ဓဟူးနေ့ ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ