သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

သထုံ ဧပြီ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက သထုံမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက် အတွင်းရှိ မွေးကင်းစ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး များဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက် ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ လစဉ်ပုံမှန် ဆောင်ရွက်နေပြီး ယနေ့တွင် သထုံမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေး(၂၁၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၅၁)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)