တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးကွင်းဆင်းကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ ပြည်သူ့ဆေးရုံအတွင်းကျောက်ကပ် သန့်စင်စက်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။