ညောင်ဦး မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို မေ ၃ ရက်၊ နံနက် ၉ နာရီခွဲအချိန်က မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်ခိုင်၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့က ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၁၀)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာနေရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်တာ ဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့ နယ်ကော်မတီဝင်များ၊ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးပေးခြင်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း