ပခုက္ကူ မေ ၃
၂၀၂၆ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးကြသည်။
ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်မီးသတ် တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွား ၂၁ ဦးတို့အား အာဟာရဒါနကျွေးမွေးခြင်း၊ ဘိုးဘွားရိပ်သာဝန်းအတွင်း/အပြင်တို့အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းစသည်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)