တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

တွံတေး မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံအားကစားသင်တန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ တွံတေးမြို့မ အားကစားကွင်းနှင့် (ခ)အဆင့် အားကစားရုံတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း ထူးခွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ လူငယ်မောင်မယ်များ မိမိဝါသနာပါသော အားကစားနည်းများကို သင်ယူလေ့လာခြင်းမှ အားကစားကိုအခြေခံမှ နားလည်တတ်ကျွမ်းလေ့ကျင့်လိုက်စား၍ ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိရှိအသုံးချ၍ ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များဖြစ်လာစေရန် ရည်ရွယ်၍ အားကစားသင်တန်းများဖြစ်သည့် စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘောလုံး အခြေခံအားကစားသင်တန်းကို (၂၂.၄.၂၀၂၆)ရက်နေ့မှ (၃၁.၇.၂၀၂၆)ရက်နေ့ထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)