မိုင်းပျဉ်း မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မိုင်းပျဉ်းမြို့နယ်၊ ပျက်ကန့်ကျေးရွာအုပ်စု ဝမ်ကန်(၁)ကျေးရွာတွင် လူနေအိမ် (၉)လုံး၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာတွင် လူနေအိမ် (၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း စုစုပေါင်းအိမ်ခြေ (၁၁)လုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၉,၃၉၀,၀၀၀/-)ခန့်ရှိကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးပျက်စီးမှု မရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးနေအိမ်များသို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ကူညီပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)