ညောင်ဦးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ညောင်ဦး မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် (၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းမှု အခမ်းအနား ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၉)ဦး၊ အမှတ်(၅) အရန်မီးသတ်မှ တပ်ဖွဲ့ဝင် (၄)ဦး၊ အမှတ်(၄) အရန်မီးသတ်မှ တပ်ဖွဲ့ဝင် (၁)ဦး စုစုပေါင်း (၂၉)ဦး စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တပ်ဖွဲ့ဝင်များ၊ သွေးလှူရှင် ခရိုင်/မြို့နယ် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုမှ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ အချိုရည်ဗူးများ၊ ဓာတ်ဆားထုတ်များနှင့် အားဆေးကဒ်များ ထောက်ပံ့ပေးအပ်ခြင်း၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြက်ဥနှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပါကြောင်း သိရသည်။

ဒီပါလင်း