ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင် လမ်းတစ်လျှောက်ရှိ လိုင်စင်ရှိ ဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင် လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် မြို့နယ်အတွင်း ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး အဖွဲ့များခွဲကာ နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။