လေးမျက်နှာ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အ.ထ.က အိုင်သပြုကျောင်းဝန်းအတွင်းတွင် သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဇွန် ၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မင်းမှ ကျောင်းအုပ်ဆရာမကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိမှ ကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်သစ်တောဦးစီးအရာရှိမှ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးအရာရှိ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှနှင့် အမျိုးသမီးရေးရာအသင်းတို့မှ အသီးသီးပျိူးပင်များ ဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျွန်း(၂၀)ပင်၊ ခရေ(၁၀)ပင်၊ ကံ့ကော်(၁၀)ပင်၊ ဗန်ဒါ(၂၀)ပင်၊ မဟော်ဂနီ(၂၅၀)ပင်၊ မန်ဂျန်ရှား(၃၂၀)ပင်၊ ပျဥ်းကတိုး(၁၂၀)ပင်၊ စိန်ပန်း(၅၀)ပင် စိုက်ပျိူးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိူးပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ ပူးပေါင်းပါဝင်စိုက်ပျိူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)