ဒေးဒရဲမြို့နယ်ထွက် မာလကာသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ

ဒေးဒရဲ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မာလကာပင်စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများ​ဖြစ်သည့် ကျုံသင်၊ ကွန်ပလိုင်းနှင့် ခနောင်စသည့် ကျေးရွာများရှိ ကိုယ်ပိုင်စိုက်ခင်းအသီးသီးတို့တွင် မာလကာပင်ကို အိမ်တွင်းစီးပွားရေး တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ကီလိုမာလကာသီတစ်လုံးလျှင် အရွယ်အစားအကြီးအသေးလိုက်၍ ဈေးကောင်းရရှိစွာ ရောင်းချရပြီး ရာသီစာဖြစ်သည့် မာလကာသီးစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

အေဇာလင်း