တန့်ယန်း ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၅)ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက် ရွှေဟင်္သာစေတီတော်ကြီး၏ (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းသိမ်းအောင်ပွဲနှင့် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝီရိယ၏ (၄၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအဖြစ် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့်လှူဒါန်းဖွယ်ရာများကို သိမ်ဆင်းလောင်းလှူကြသည်။
ယင်းနောက် အောင်မင်္ဂလာကျောင်းတိုက်၏ ဦးစီးဆရာတော် ဘဒ္ဒန္တဝီရိယအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့်တာဝန်ရှိ ဌာနဆိုင်ရာများက လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)