ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ထွက်ရှိလာသောစိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။