အမြို့မြို့အနယ်နယ်သတင်းများ

သံဖြူဇရပ်မြို့ ကျွမ်းကျင်မှု​လေ့ကျင့်​ရေးသင်တန်း​ကျောင်း(စက်စဲ)၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း တက်ရောက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(စက်စဲ)‌၌ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန် ဖွင့်ပွဲအခမ်း အနားကို ဇွန် ၈ ရက် နံနက်ပိုင်းက အဆိုပါသင်တန်း​ကျောင်း၌ ကျင်းပသည်။

ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးသီးမြို့တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဌာနနှင့် ပညာရေးဌာနသို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ခန်းမတွင် ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့မှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့ တည်ထောင်သူ ပေါက်ခေါင်းမြို့နယ် ဂုဏ်ထူးဆောင်နာယက ဇေယျကျော်ထင်စည်သူ ဦးမျိုးဇော်သိမ်းနှင့် မိသားစုတို့မှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပွဲအခမ်းအနား ယမန်နေ့နံနက်ပိုင်းက အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ ကျင်းပပြုလုပ်သည်။

တံတားဦးမြို့နယ်၌ စက်သုံးဆီများတွင် အသုံးပြုနေသော QR CODE စနစ်များအားမြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား QR CODE စနစ်များ အသုံးပြခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး မင်းလှမြို့နယ်တွင် ကျွန်းသစ်ဟောင်း တူးဖော်တွေ့ရှိမှုအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီခွဲချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ အင်းမတန်းကျေးရွာ၊ မြစိမ်းဘုန်းတော်ကြီးတိုက်၏ ရှေ့ရွာလယ်လမ်းမတည့်တည့် မြေပြင်အောက် (၆) ပေခန့်အကွာမှ အလျား (၄၀) ပေ၊ လုံးပတ် (၉) ပေ၊ တန်ချိန် (၄.၀၅) တန်ရှိ ကျွန်းသစ်လုံး တစ်လုံးအား တူးဖော်ရရှိမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီအဖွဲ့ဝင်များ ခရီးသွားလုပ်ငန်းရှင်များနှင့် နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပလောက်မြို့၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ စာပေဝါသနာရှင်များမှစာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။

ပြည်ကြီးတံခွန်မြို့နယ်၌  လျှပ်စစ်ကဏ္ဍ ပြည်သူအကျိုးပြု ရက်(၁၀၀) စီမံချက်ဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူး‌ရေး ထရန်စဖော်မာ ၇ လုံး တပ်ဆင်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ်ကဏ္ဍ၊ ပြည်သူအကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လျှပ်စစ် ဗို့အားပြည့်ဝစွာရရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ယူနစ်ပျောက်ဆုံးမှု ကျဆင်းစေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံးကို တပ်ဆင်ခြင်းလုပ်ငန်းကို တည်ဆောက် ရာတွင် ၆၇ ဘီလမ်း၊ ၁၂၀ လမ်းတွင် ၁၁/၀.၄ ကေဗွီ (၅၀၀)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၇၃ လမ်းနှင့် မင်္ဂလာလမ်းတွင် ၁၁/၀.၄ကေဗွီ(၅၀၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးကိုလည်းကောင်း၊ ၇၄ အေ လမ်းနှင့် ၁၁၅ လမ်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံး ကို လည်းကောင်း၊ ၅၈လမ်းနှင့် ၁၁၉ လမ်းတွင် ၁၁/၀.၄ ကေဗွီ(၃၁၅) ကေဗွီအေထရန်စဖော်မာတစ်လုံးကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းနှင့် တံခွန်တိုင် ဈေးတန်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၆၁လမ်းနှင့်၁၃၃ လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၅၃လမ်းနှင့် ၁၂၇လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း စသည့်‌ နေရာများတွင် စုစုပေါင်း ထရန်စဖော်မာ ၇ လုံး တပ်ဆင် ဆောင်ရွက်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ