မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။