အမြို့မြို့အနယ်နယ်သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆ခုနှစ်)နှင့်အညီ တရားစီရင်းရေးနှင့်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ အရည်အသွေးများကောင်းမွန်လာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၈ နာရီက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ မိုးကြိုသီးနှံပဲတီစိမ်းများ စတင်ရိတ်သိမ်း  

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မိုးကြိုသီးနှံစိုက်ပျိုးရာသီတွင် ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမော ရှေ့တန်းစခန်းတို့တွင် ပဲတီစိမ်း ၆၀၇ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြုစုပျိုးထောင်ထား  

မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြုစုပျိုးထောင်ထားရှိသောသစ်မျိုးများပျိုးထောင်ထားရှိမှုကို ယနေ့နံနက် ၁၁ နာရီက ခရိုင် သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး-၃သည် တံတားဦး(စဉ့်ကိုင်တွဲ) လူထုဖြန့်ယာယီသင်ပန်းပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိမှုကိုကွင်းဆင်းစစ်ဆေးသည်။

ထန်းတပင်မြို့နယ်၌ လူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်းသင်တန်းကို ဇွန်လ (၈) ရက်နေ့က ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာ၊ ငြိမ်းအေးရိပ်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြသည်။

ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်း ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဝန်ထမ်းများက စာပေဖတ်ရှုလိုသူများ လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်စေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

တောင်ကြီးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UIDကတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်တို့သည် ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ က အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူ(၈၂၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှုခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ အားကစားကွင်းများ၊ လေ့ကျင့်ရေးအားကစားရုံများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၊ ဘောလုံးကွင်း၊ တင်းနစ်၊ ဖူဆယ်အားကစားရုံနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားရုံ အဆောက်အဦများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ဖောင်းပြင်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ စည်းရုံးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ စည်းရုံးဟောပြောပွဲကို ဇွန် ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအတွက် လူရွေးချယ်ဆောင်ရွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇွန်လ ၂၃ ရက်နေ့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နမ့်စန်မြို့နယ်တွင် ပြေးခုန်ပစ်အားကစားသမားများ လူရွေးချယ်ပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) အားကစားကွင်းတွင် ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များ သွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာရုံး၊ စည်ပင်သာယာရေးဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးများရှိ ထန်ထမ်းများထံသို့ သွားရောက်ပြီး သုတ/ ရသစာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ