အမြို့မြို့အနယ်နယ်သတင်းများ

နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရက် (၁၀၀) စီမံချက်ကို အရှိန်အဟုန်မြင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရက် (၁၀၀) စီမံချက်ကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို တမာပင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်သည်။

ပင်လောင်းမြို့နယ်၌ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်ကျောက်ချောလမ်းနှင့် သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထိန်ကျေးရွာတွင် ကောင်ထိန်-သိန်းလာပြား-ဝါးပြုံး ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းနှင့် ဘီလူးချောင်းကူး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို ယနေနံနက်ပိုင်းတွင် အဆိုပါ တံတား၌ ကျင်းပပြုလုပ်သည်။

စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၈ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၈ ဦးက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေတာရှည်မြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Unique Identity) ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Unique Identity) ကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က ရေတာရှည်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ ပြည်သူလူထုအကျိုးပြုမည့် Quick Win လုပ်ငန်းကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရက်(၁၀၀)ကာလအတွင်း ပြည်သူလူထုအကျိုးပြုမည့် Quick Win လုပ်ငန်းအဖြစ် မီးဘေးလုံခြုံရေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် မျက်စိကျန်းမာရေး (Eye Test) စစ်ဆေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများ၏ မျက်စိကျန်းမာရေး (Eye Test) စစ်ဆေးခြင်းလုပ်ငန်းကို ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

တပ်ကုန်းမြို့၌ တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးသီးနှံမျိုးစေ့ထုတ်နည်းပညာပေးသင်တန်း ဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပသည့် တောင်သူကိုယ်တိုင်ပူးပေါင်းပါဝင်သော စပါးသီးနှံမျိုးစေ့ထုတ်နည်းပညာပေးသင်တန်းကို ဇွန် ၄ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မြို့သစ်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက မကွေးခရိုင်၊မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ရှိ ဆရာတော်သံဃာတော်များနှင့်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ရှိ ဆရာတော်သံဃာတော်များနှင့်သီလရှင်များအား ယနေ့နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ