ဆိပ်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများ၏ မျက်စိကျန်းမာရေး (Eye Test) စစ်ဆေးခြင်းလုပ်ငန်းကို ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးများနှင့် ဆရာ/ ဆရာမများက အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူကို ပဏာမ မျက်စိကျန်းမာရေး (Eye Test) စစ်ဆေးခြင်းလုပ်ငန်းဖြစ်သည့် အမြင်အားနည်မှုရောဂါ၊ မျက်စိစွေခြင်းနှင့်၊ အခြားသော မျက်စိရောဂါများကို စစ်ဆေးဆောင်ရွက်ခြင်းနှင့် လွဲပြောင်းညွှန်ပို့ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)