ပခုက္ကူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရက်(၁၀၀)ကာလအတွင်း ပြည်သူလူထုအကျိုးပြုမည့် Quick Win လုပ်ငန်းအဖြစ် မီးဘေးလုံခြုံရေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အစိုးရ ရက်(၁၀၀)ကာလအတွင်း ပြည်သူလူထုအကျိုးပြုမည့် Quick Win လုပ်ငန်းအဖြစ် ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ နေအိမ်များ၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)