အမြို့မြို့အနယ်နယ်သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆော်ဩ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေးနိုင်ရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများတွင် လှည့်လည်ဆော်ဩခဲ့သည်။

လှိုင်မြို့နယ်တွင် မဲရုံများ စနစ်တကျဖြစ်စေရေးအတွက် စံနမူနာပြမဲရုံပုံစံ ခင်းကျင်းမှု သရုပ်ပြအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးဆောင်ရွက်မည့် မဲရုံများ စနစ်တကျဖြစ်စေရေးအတွက် စံနမူနာပြမဲရုံပုံစံခင်းကျင်းမှု သရုပ်ပြအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က လှိုင်တက္ကသိုလ်နယ်မြေ၊ အမျိုးသားအားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့နေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ ကျိုက်သလဲကျေးရွာရှိ အ.မ.က(ကျိုက်သလဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၅ ရက်​နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။

မြစ်သားမြို့နယ်၌  အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများနှင့် ကိုယ့်အားကိုယ် ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန် မတည်ငွေ ကျပ်သိန်း(၅၀၀) ပေးအပ်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ကြသည်။

တိုက်ကြီးမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းဖြင့် ရန်ပုံငွေထုတ်ချေးပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း RBF စီမံကိန်းဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ဒေါပုံဈေးအတွင်း ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဗိုလ်တထောင်ခရိုင် ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းဦးဆောင်၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က ဒေါပုံဈေးအတွင်း ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှိုင်မြို့နယ်အတွင်းသို့ (အခမဲ့) ကွင်းဆင်းကုသ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယနေ့ နံနက် (၈) နာရီအချိန်က အမှတ် (၁၂) ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ လှိုင်စင်တာ၌ ရပ်ကွက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) အတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေး သင်တန်းပို့ချ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အပိုင်း (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် Tablet အသုံးပြု၍ မဲစာရင်းအမှတ်စဉ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရေးသင်တန်းကို ယနေ့ နေ့လယ်ပိုင်းအချိန်တွင် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ