ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ်အဆောက်အဦအား တက်ရောက်ဖွင့်လှစ်
ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။