စစ်ကိုင်းစက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် စက်မှုဇုန်လုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇွန် ၁၉

စစ်ကိုင်းမြို့၌ စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းစက်မှုဇုန်ရုံး၌ကျင်းပရာ စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်က စစ်ကိုင်းစက်မှုဇုန်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်မှုဇုန်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)