မောက်မယ် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်းသူ ဝယ်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးရေးနှင့် မီးလောင်မှုမီးလန့်မှု ဖြစ်ပွားပါက လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက အဆိုပါ မြို့မစျေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဘူး ကိုင်သွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောသည်။
ဆက်လက်ပြီး မြို့မစျေးဝန်းအတွင်း၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက စျေးရောင်းသူ ဝယ်သူများအား လိုက်နာဆောင်ရွက်ရမည့် အချက်အလက်ပုံစံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)