ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်း အစားအသောက်နှင့်ဆေးဝါးပစ္စည်းများ သတ်မှတ်စည်းကမ်းအတိုင်း ရောင်းချမှုရှိ၊မရှိစစ်ဆေး

ညောင်ဦး ဇွန်  ၁၉

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် မဏိစည်သူဈေးနှင့်ကျောင်းများတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများနှင့်ကျောင်းဈေးသည်များ အစားအသောက်ရောင်းချမှု ရည်ညွှန်းသတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၉ ရက် နံနက် ၁၁ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။

 ညောင်ဦးမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့် ဦးဆောင်သည့်  စစ်ဆေးရေးအဖွဲ့သည် မဏိစည်သူဈေးအတွင်းရောင်းချလျက်ရှိသည့် အသား၊ငါး ရောင်းချနေမှုနှင့်အသားငါးရောင်းချရာတွင် တာရှည်ခံဓာတုဆေးဝါးများ၊ ဖော်မလင်ဆေး ရည်စိမ်ခြင်းများ၊ပြုလုပ်မရောင်ချနိုင်ရေးနှင့်လတ်ဆတ်သော အသား၊ငါးများကိုသာ ရောင်းချကြရန်၊ခြင်၊ယင်၊ပိုးမွှားများ မနားနိုင်စေရေးနှင့်အချိန်အတွယ်မှန်ကန်စွာရောင်းချ နိုင်ရေးတို့အား စစ်ဆေးမှာကြားသည်။

ဆက်လက်၍ ကျောင်း‌ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသေား မြင်းကပါအခြေခံပညာ အထက်တန်းကျောင်းခွဲ၊အမှတ်(၂)အခြေခံပညာမူလတန်းလွန်းကျောင်း၊ တောင်ဘီအခြေခံ ပညာမူလတန်းကျောင်းတို့တွင် ရောင်းချလျက်ရှိသော ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာ ကျန်းမာရေးနှင့်အညီ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော အစားအသောက်များရောင်းချစေရေး၊ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖာ်ပြထားသော အစားအသောက်များရောင်းချရေး၊ သက်တမ်းလွန်အစားအစာများနှင့်စားသုံးရန်မသင့် ထုတ်ပြန်ထားသော စားသုံးရန်မသင့် အစားအသောက်များ ရောင်းချမှုမရှိစေရေး ပူးပေါင်းဌာနများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း