ဓနုဖြူ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တမြာကျေးရွာအုပ်စု၊ ဝါးတန်းကျေးရွာ၊ မင်္ဂလာသုခဘုန်းတော်ကြီး ကျောင်း၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိအိမွန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး၊ တမြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက သမဝါယမအသင်း၏ ဆောင်ရွက်ချက်များ၊ လုပ်ဆောင်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသားတောင်သူ (၅၀) ဦးအတွက် သွင်းအားစုဓာတ်မြေသြဇာများပေးအပ်ခဲ့ရာ တက်ရောက်လာသော အသင်းသား ကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိအိမွန်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)