ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်း ချီရေးဆွဲခြင်း ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။