ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် မတ်   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို မတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊  အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ် ရေးသားတတ်စေရန် စာများများဖတ်ရှုရန်လိုကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံ ကောင်းမွန်ပြည့်စုံရန်လိုအပ်ကြောင်း မြို့နယ်စာရေး ဆရာများအသင်းအဖွဲ့ဝင် စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်းခြင်း၊ အကြောင်းအကျိုးဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းများအကြာင်း ရှင်းလင်းပြောကြားခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင်ကျောင်းသား/ ကျောင်းသူ (၄၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲတွင် အထက်တန်းအဆင့် “ဆန်းစခါနွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် “နွေရာသီကျောင်းပိတ်ရက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် “စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်များဖြင့်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေး၊ ကျောက်ဆည်မြို့နယ် စာရေးဆရာ များအသင်း နာယက  ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)နှင့် ဆရာဦးမန်းခင်တို့မှ ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

စုစုအေးနွယ်(ခရိုင်ပြန်/ဆက်)