ဒဂုံ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အပတ်စဉ်လှည့်လည် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သုတ/ရသစာအုပ်များ အား စုံလင်စွာငှားရမ်းသူဝန်ထမ်းများအား ရက်သတ္တပတ်ပြည့်ပါက စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)