စမ်းချောင်းမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

စမ်းချောင်း မတ် ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်က ရပ်ကွက်အတွင်းနှင့် ဌာနဆိုင်ရာရုံးများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက်ထမ်းဆောင် ဆောင်းပါး၊ ဆက်၍ချီပါ တပ်မတော်ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များပါရှိကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)