ရွှေပြည်သာ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရွှေပြည်သာမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအား လှူဒါန်းထောက်ပံ့သည့် စာအုပ်များအား ထပ်ဆင့်လှူဒါန်းပွဲနှင့် ရပ်ကွက်ကျေးရွာ စာကြည့်တိုက်ကော်မတီများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်မှု ကော်မတီမှပေးအပ်လှူဒါန်းသောစာအုပ်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်တီဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိစာကြည့်တိုက်များအား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကိုယ်အားကိုယ်ကိုးစာကြည့်တိုက် ကော်မတီများနှင့် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီတို့တွေ့ဆုံ၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်သူများတိုးပွားစေရန်၊ စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းထားရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)