ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show ကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးရှိအရာရှိ ဒေါ်အိရွှေစင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သူတို့မှ Money Pox မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘာကြောင့် Monkey Pox မျောက်ကျောက်ရောဂါဟု ခေါ်ဆိုတာလဲ၊ မျောက်ကျောက်ရောဂါကို ဘယ်နေရာမှာ တွေ့ရှိခဲ့သလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်ပါသလား၊ မျောက်ကျောက် ရောဂါဟာ တိရစ္ဆာန်ကနေ လူဆီကို ဘယ်လိုပျံ့နှံ့ပါသလဲ၊ မျောက်ကျောက်ရောဂါဟာ လူလူချင်းဘယ်လို ကူးစက်ပါသလဲ၊ မိမိကိုယ်ကိုနဲ့ တခြားသူတွေကို မျောက်ကျောက်ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတဲ့ Money Pox မျောက်ကျောက်ရောဂါနှင့် ပတ်သက်တဲ့ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သို့ဖြစ်ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် စာပေဟောပြောပွဲ များ၊ Talk Show အစီအစဥ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  ဦးစီးအရာရှိ ဒေါ်အိရွှေစင်က  ပြောကြားခဲ့ ကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက်)