ဒိုက်ဦး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း (၁၀)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ပစ္စည်းရောင်းချနေသော ဆိုင်များရှိကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်း ရှိမရှိစျေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)