မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယိုကို စနစ်တကျ ရိုက်ကူးတည်းဖြတ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည်။