ကေ့ာကရိတ်မြို့၊ တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်‌

ကေ့ာကရိတ် စက်တင်ဘာ ၁၉

ကေ့ာကရိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့၊ အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၌  တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည်မိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးနေမှုအား ကေ့ာကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယာယီခရိုင်ဦးစီးမှူး ဦး‌ဇော်ရာ၊ ဒုတပ်မမှူး ဗိုလ်မှူးကြီးအောင်သက်ထွေးတို့မှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကေ့ာကရိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လက်ရှိဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိကာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ လက်ရှိဒေသတွင်အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ ရွှေ့ပြောင်းနေထိုင်ပြီးမူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ရွှေ့ပြောင်းနေထိုင်ပြီး မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)