မြိတ် စက်တင်ဘာ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယိုကို စနစ်တကျ ရိုက်ကူးတည်းဖြတ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည်။
သင်တန်းတွင် ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးရာ၌ ဓာတ်ပုံအမျိုးအစား၊ ဓာတ်ပုံရိုက်ကူးသည့် ရှုထောင့်အယူအဆ၊ ကြိုတင်ပြင်ဆင်မှုများ၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်ခြင်းကို Kine Master App ဖြင့် စနစ်တကျ တည်းဖြတ်နည်းများ စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား(၃၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို စက်တင်ဘာလ (၁၈)နှင့် (၁၉)ရက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)