မြိတ်ခရိုင်၏ လူရည်ချွန်ကျောင်းသားကျောင်းသူများအား မြိတ်လေဆိပ်တွင် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယနေ့ မွန်းတည့်(၁၂)နာရီက လေကြောင်းခရီးဖြင့် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။