ပလောက် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ပလောက်နယ် မြေရဲစခန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကျောင်းသန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်၊ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရန်ရည်ရွယ်၍ ကျောင်းဝင်းအတွင်း/အပြင် ခြုံနွယ်များ၊ မြက်ပင်များ၊ ပေါင်းပင်များကို မြက်ရိတ် စက်များ၊ ပေါက်တူး၊ ပေါက်ပြားများဖြင့် ခုတ်တွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)