ကရသူရိမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။