သရက်ချောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးသွားမည်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုဒဏ် ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂ဝ၀၀၀ ကို ပျိုးထောင်ထားရှိရာ ဇူလိုင်လကုန်အထိ မည်သူမဆို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်နိုင်ဦးထံမှ သိရသည်။