တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိမှုအား ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။