ဘုတ်ပြင်း ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းကျော် ဦးဆောင်၍ လက်ထောက်ဆရာဝန်၊ သူနာပြုဆရာမများ၊ အထောက်အကူပြုအဖွဲ့များပါဝင်သည့် ကွင်းဆင်းဆေးအဖွဲ့သည် အထွေထွေလူနာ (၅၉)ဦး၊ ကလေးလူနာ (၄)ဦး၊ စုစုပေါင်းလူနာ (၆၃)ဦးအား လိုအပ်သည့် စမ်းသပ်ကုသမှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၅၁၈)ဦးအား သွေးတိုးနှင့် ဆီးချိုရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနှင့်သက်ဆိုင်သည့် ကျန်းမာရေးပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အ-ထ-က အောက်လိပ်ကျောင်း၊ အခြေခံပညာနှင့်(စက်မှု၊စိုက်ပျိုး၊မွေးမြူရေး) အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအား Vitamin A တိုက်ကျွေးခြင်း၊ သံချဆေးပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး Abate ဆေးခန့်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးကွင်းဆင်းစမ်းသပ်ကုသခြင်း ဆောင်ရွက်နေမူကို ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေးနှင့် သွားတိုက်တံများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)