တနင်္သာရီတိုင်းဒေသကြီး

ကရသူရိမြို့၌ ‌‌ဒေသခံတောင်သူများအား ကော်ဖီနှင့်ကိုကိုးပင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ‌စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် “မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့်သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းစသည့် အကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသူ/သားများအား မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြော ပွဲပြုလုပ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှကြီးမှူး၍ “ကမ္ဘာမြေကိုကာကွယ်ဖို့ သစ်ပင်စိုက်ပျိုးစို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီမြို့- အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/သူများအား သစ်တောသစ်ပင်၊ ဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့၌ ဒီရေတောများ အ‌ရေးပါပုံနှင့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ် ‌

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီရေတောများ အ‌ရေးပါပုံနှင့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အ.လ.က (ခွဲ) ရွှေဟင်္သာကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ပြုလုပ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်တံဆိပ်)ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ထားဝယ်မြို့ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းများသို့ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်က သရက်ချောင်းမြို့ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပသည်။

မြိတ်မြို့တွင် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ စွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရှေးဦးပြုစုခြင်း(နည်းပြ) သင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။  

ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယ‌နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး