တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့ အ.လ.က(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အ.လ.က(၂) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကျွန်းစုမြို့၊ မအိုင်ကျေးရွာအုပ်စုအတွင်းရှိ အ.လ.က မအိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်‌ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ‌အ.ထ.က(၁၀)မိုင်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ မူလွန်-အောင်မင်္ဂလာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက အောင်မင်္ဂလာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင်ကျင်းပခဲ့သည်။

အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)တွင် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ခြင်ထောင်၊ ကလေးအသုံးအဆောင်ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ခြင်ထောင်၊ ကလေးအသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ခမောက်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်‌ပေးလျက်ရှိသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်‌ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး