တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်

ထားဝယ် ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လယ်ယာမြေအရေးကိစ္စရပ်များတွင် လိုအပ်ချက်များအပေါ်မူတည်ပြီး သိမ်းဆည်းထားမှုအပေါ် တစ်ချို့ပြန်လည်တောင်းခံမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က အသုံးမလို၍ ပြန်လည်ပေးထားသောမြေများနှင့်ပတ်သက်၍ ပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း၊ အဓိကအနေဖြင့် သိမ်းဆည်းထားမှုနေရာများတွင် အမျိုးမျိုးရှိကြောင်း၊ မြို့ရွာများ ဖွံဖြိုးတိုးတက်ရန် နယ်မြေဒေသများတွင်လူဦးရေထူထပ်သောကြောင့် အိုးအိမ်အိမ်ယာများ၊ မြို့ကွက်များတိုးချဲ့နိုင်ရန်အတွက် အိမ်ယာအသစ်စီမံကိန်းပြုလုပ်ထားမှုများ၊ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများရှိကြောင်း၊  မြေယာအရေးကိစ္စရပ်များတွင်လိုအပ်၍ ဆောင်ရွက်ထားရှိမှုများရှိသလိုပြန်လည်၍ပေးထားမှုများလည်းရှိကြောင်း၊ မြေယာများတွင်ဥပဒေများစွာရှိကြောင်း၊ တက်ရောက်လာသော ကော်မတီများကမှန်မှန်ကန်ကန်ဖြင့် ပိုင်ဆိုင်သူများမနစ်နာအောင်မျှတစွာဖြင့် ဝိုင်းဝန်းပြီးညှိနှိုင်းတိုင်ပင်၍ဆုံးဖြတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်ချို့က မြေယာပိုင်ဆိုင်မှု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုလျောက်ထားလာမှုများရှိကြောင်း၊ မြေယာအရေးကိစ္စရပ်များတွင် မှားယွင်းမှုများမရှိအောင်ဆောင်ရွက်သည့်အခါ ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကြန့်ကြာမှုများရှိပါက မလိုလားအပ် သောပြဿနာများ ဖြေရှင်းဆောင်ရွက်ရန်ခက်ခဲနိုင်ကြောင်း၊ မြေယာအရေးကိစ္စများတွင် သေချာစွာစနစ်တကျဖြင့်ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီမှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့်ပတ်သက်၍ တင်ပြတိုင်ကြားလာမှုအပေါ် စိစစ်ဆောင်ရွက်မည့် စီမံချက်အားရှင်းလင်းတင်ပြပြီး တွဲဖက်အတွင်းရေးမှူးက တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီရှိအမှုတွဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)