ပုလောမြို့ အ.လ.က(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပုလော ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အ.လ.က(၂) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသား/သူများကို စာဖတ်ခြင်း၏ အကျိုးကျေးဇူးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊ ကျောင်းသား/သူများအား စာကြိုက်စာပေရွေးချယ်ဖတ်ရှု၍ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြည့်တိုက် အသုံးပြုရာတွင် ပျော်ရွှင်မှုရှိစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)