ကော့သောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အ.ထ.က(၁၀)မိုင်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စွန့်ပစ်ပစ္စည်း၏ အဓိပ္ပာယ်နှင့် စွန့်ပစ်ပစ္စည်းအမျိုးအစားအကြောင်း၊ မြို့အတွင်းထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ ဖြစ်ပေါ်လာသည့် သဘာဝဆိုးကျိုးများအကြောင်း၊ စွန့်ပစ်အမှိုက်ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးလွင်က အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်မှုကြောင့် ပင်လယ်ရေနေသတ္တဝါများ အသက်ဆုံးရှုံးရပြီး သဘာဝရေအောက် သံယံဇာတများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ပြောကြာခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းကိုက ကမ္ဘာကြီးပူနွေးလာသည့်အကြောင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်
ဆိုးကျိုးများအကြောင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းကို လျှော့ချနိုင်သည့်နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ရာ ကျောင်းသား၊ကျောင်းသူများက သိလိုသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)