တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို အောက်တိုဘာ ၂၈ ရက်နေ့‌ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂ဝ၂၄) အစည်းအဝေး အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂ဝ၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များမှ အကျဉ်းသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းသူကလေးမိခင်များ၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေထိုင်ခွင့်ပြုထားသောအသက်(၃) နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဉီးစီးဌာနမှ ငွေကြေးထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များမှအကျဉ်းသူကိုယ်ဝန်ဆောင်မိခင်များနှင့်အကျဉ်းသူ ကလေးမိခင်များ၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေထိုင်ခွင့်ပြုထားသော အသက်(၃) နှစ် အောက် ကလေးသူငယ်များအားလူမှု ဝန်ထမ်းဉီးစီးဌာနမှ ငွေကြေးထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရေးပေါ်အသက်ကယ်ဆယ်နိုင်ရေးပညာရပ် တတ်မြောက်စေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီတွင် ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရန်ကုန်၊ စစ်ကိုင်းတို့တွင် ပညာရေးဘွဲ့နှင့် (ပထမနှစ်)ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.ED)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၂) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) တို့၏ (ပထမနှစ်) ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်း‌အနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေး တိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားပြိုင်ပွဲဝင်များအား တိုင်းဒေသကြီး ဖူဆယ်အားကစားရုံတွင် စခန်းသွင်းလေ့ကျင့် နေမှုအား သွားရောက်ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး အားကစားကွင်း၌ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် သီဆိုကာအခမ်းအနားကို စတင်ခဲ့သည်။

ထားဝယ်မြို့တွင် စက်ချုပ်သင်တန်းများလုပ်ငန်းထူထောင်မည့်သူ (၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သော ထားဝယ်မြို့နယ်၊ အလယ်ကုန်းကျေးရွာနှင့် ဇလွန်းကျေးရွာတို့တွင် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းများ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး