တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် (၃၀)ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ခရိုင်နှင့်မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်‌တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းမိသားစုတို့သည် ပုရိမဝါမထ‌မြောက်ကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းကြမည့်  လှူဖွယ်ဝတ္ထု၊ပစ္စည်း၊ ငွေပဒေသာပင်များအား နံနက်(၇)နာရီခွဲခန့်မှ စတင်၍ ကော့သောင်းမြို့(၃)မိုင် ပြည်သူ့ရင်ပြင်မှ ကော့သောင်းမြို့ အတွင်း စီတန်းလှည့်လည်၍ ပြည်တော်အေးသာသနာ့ဗိမာန်တော်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌  မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ကွင်းအမှတ် (၃၇၆BN)၊ ဦးပိုင်(၄၁/၄)ဧရိယာ၊ (၂.၅၀)ဧကရှိ တောင်သူ ဒေါ်သီတာဆင့်ဆင့်၏ လယ်ယာမြေ၌ မိုးစပါး ရက်(၉၀)စပါး တောင်သူပညာပေးစံပြကွက် ၆၆ပေ ပတ်လည် (၀.၁၀)ဧကအား ယနေ့နံနက် ၁၀နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ၊ မတ်ပဲ)တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ(နေကြာ၊မတ်ပဲ) တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး တွဲဖက်အထက်တန်းကျောင်း၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့ အထက-တောင်ဒဂုံကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အထက-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ကျောင်းသူ လူငယ်များ အားလပ်ချိန်အကျိုးရှိစွာအသုံးချလျက်ရှိ

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပြည်သူများအတွက် အသိပညာဗဟုသုတများ သိုမှီးရာပညာဘဏ်တိုက်ဖြစ်သည့် စာကြည့်တိုက်များ အခမဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့မှ ကျောင်းသား‌၊ ကျောင်းသူ၊ လူငယ်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခမောက်ကြီးမြို့ ပြည်သူစာကြည့်တိုက်သို့ လာရောက်၍ ကျောင်းအားလပ်ချိန်များအား အကျိုးရှိစွာအသုံးချလျက်ရှိကြသည်။

သရက်ချောင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့က ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ (တတိယအကြိမ်) ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား(တတိယအကြိမ်) ယူရီးယား(Urea) ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၇ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်‌မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်ဝန်ထမ်းများက ချောင်းငယ်ရပ်ကွက်-မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် အားအမှူးထား၍ သာသနာ့ဟိတဓမ္မာရုံအတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အရုဏ်ဆွမ်း၊ ဆွမ်းဆန်နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းခရိုင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး